Home » နောက်ခံသမိုင်းကြောင်း

နောက်ခံသမိုင်းကြောင်း

 

TM (4 story 55 street )1 အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်

သမိုင်းအကျဉ်း

       အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သည် အမှတ်(၂၇၃/၂၇၉)၊ ကုန်သည်လမ်း၊ (၄) ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၌တည်ရှိပြီး အကျယ်အဝန်းမှာ ၃.၀၇၈ ဧက ရှိပါသည်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကို (၁၆-၁၂-၂၀၀၄) ရက်နေ့တွင် အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်-

(က)   နိုင်ငံတော်အတွက်လိုအပ်သော အရည်အချင်းမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပျိုးထောင်ရာတွင် ခေတ်မီနည်းပညာများကို အချိန်နှင့် တပြေးညီအသုံးပြုပြီး စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်များ၊ ကျွမ်းကျင်မှုများကို နိုင်ငံတကာသုံး ဘာသာစကားတစ်ခုဖြစ်သော အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့်အတူ ICT နည်းပညာကျွမ်းကျင်မှုများကိုပါ တစ်ပြိုင်နက် လေ့ကျင့်ပျိုးထောင်ပေးရန်၊

(ခ)    ထွက်ပေါ်လာသော ဘွဲ့၊ ဒီပလိုမာရသူများသည် အစိုးရဌာနများတွင်ဖြစ်စေ၊ ပြင်ပ အလုပ်ဌာနများနှင့် ကိုယ်ပိုင်အလုပ်ခွင်များတွင် နိုင်ငံတကာအဆင့်မီ စီမံခန့်ခွဲရေးကျွမ်းကျင်သူများအဖြစ် ကဏ္ဍအသီးသီးတွင် ဆောင်ရွက်နိုင်စွမ်း ရှိရန်၊

(ဂ)    အဆင့်မြင့်ပညာရေးကဏ္ဍသည် ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းက လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းပေးနိုင်ရန်    တို့ဖြစ်ပါသည်။

    အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မတိုင်မီ ၁၉၄၈ တွင် သက်ကြီးတက္ကသိုလ် အဖြစ်လည်းကောင်း၊ ၁၉၆၄ တွင် လုပ်သားများကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၇၆ တွင် ဒေသကောလိပ်အဖြစ်လည်းကောင်း၊ ၁၉၈၄ တွင် ရန်ကုန်တက္ကသိုလ်(ဗိုလ်တထောင်နယ်မြေ) အဖြစ်လည်းကောင်း၊ ၂၀၀၄ တွင် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် (NMC) အဖြစ် လည်းကောင်း၊ ၂၀၁၆ တွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) အဖြစ် လည်းကောင်း ဖွင့်လှစ်ခဲ့ပါသည်။