ဖွဲ့စည်းပုံ
၃။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ဖွဲ့စည်းပုံကိုနောက်ဆက်တွဲဖြင့် ဖော်ပြထား ပါသည်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် အဓိကအားဖြင့် သင်ကြားရေးဌာနများ နှင့် စီမံခန့်ခွဲရေးဌာနများပါဝင်ပါသည်။ သင်ကြားရေးဌာနတွင် ဆရာ၊ဆရာမ အင်အား (၅၆)ဦး၊ စီမံခန့်ခွဲရေးဌာနတွင် အရာထမ်း၊ အမှုထမ်းအင်အား (၃၈)ဦး စုစုပေါင်းအင်အား (၉၄)ဦးတို့ဖြင့် မိမိတို့အခန်းကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။
၄။ သင်ကြားရေးဌာနများတွင် အဓိကဘာသာရပ်ဌာန (Major Department) (၄)ခု၊ အထောက်အကူပြုဘာသာရပ်ဌာန (Minor Department) (၄) ခု၊ စုစုပေါင်းဘာသာရပ်ဌာန (၈)ခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ဆရာ၊ဆရာမအင်အား စုစုပေါင်း(၅၆)ဦးက သင်ကြားပို့ချ ပေးလျက်ရှိပါသည်။ သင်ကြားရေးဌာနအလိုက် ဆရာ၊ဆရာမစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ဇယား(၁)
သင်ကြားရေးဌာနအလိုက် ဆရာ၊ ဆရာမစာရင်း
စဉ် | ဌာန | ဦးရေ |
၁ | စီပွားရေးလုပ်ငန်းနှင့်စီးပွားရေးပညာ | ၁၃ |
၂ | သတင်းအတတ်ပညာ | ၉ |
၃ | ခရီးသွားလုပ်ငန်းပညာ | ၇ |
၄ | အင်္ဂလိပ်စာ | ၁၂ |
၅ | မြန်မာစာ | ၇ |
၆ | သင်္ချာ | ၄ |
၇ | ကွန်ပျူတာသိပ္ပံပညာ | ၃ |
၈ | Curriculum Development & Quality Assurance
Department |
၁ |
စုစုပေါင်း | ၅၆ |
၅။ စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါဌာန (၇)ဌာနဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး အရာထမ်း၊ အမှုထမ်းအင်အား စုစုပေါင်း(၃၈)ဦးက တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်-
ဇယား(၂)
စီမံခန့်ခွဲရေးဌာနအလိုက် ဝန်ထမ်းအင်အားစာရင်း
စဉ် | ဌာန | ဦးရေ |
၁ | ကျောင်းအုပ်ကြီး | ၁ |
၂ | စီမံ | ၄ |
၃ | ဘဏ္ဍာ | ၆ |
၄ | သင်တန်းရေးရာ | ၇ |
၅ | စာကြည့်တိုက် | ၄ |
၆ | အင်ဂျင်နီယာ | ၁၃ |
၇ | ကွန်ပျူတာ | ၂ |
၈ | အားကစား | ၁ |
စုစုပေါင်း | ၃၈ |