Home » သင်ရိုးညွှန်းတမ်းနှင့် အရည်အသွေးအာမခံချက်ဖွံ့ဖြိုးရေးဌာန

သင်ရိုးညွှန်းတမ်းနှင့် အရည်အသွေးအာမခံချက်ဖွံ့ဖြိုးရေးဌာန

သင်ရိုးညွှန်းတမ်းနှင့် အရည်အသွေးအာမခံချက်ဖွံ့ဖြိုးရေးဌာန

အန္တိမရည်မှန်းချက်

          အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ လုပ်ဆောင်ချက်များ လုပ်ဆောင်မှုအစီအစဉ် များသည် အရည်အသွေးစံချိန်စံညွှန်းများနှင့်ကိုက်ညီပြီး ကောလိပ်၏ သင်ရိုးညွှန်းတမ်းများသည် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်၏ လိုအပ်ချက်များနှင့် လိုက်လျောညီတွေရှိစေဘို့ ကြိုးပမ်း ဆောင်ရွက်ရန်။

 

လက်ရှိလုပ်ငန်းဆောင်တာများ ရည်ရွယ်ချက်

          အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ vision နှင့် mission ကို ရရှိစေရေးအတွက် သင်ကြားရေးဌာနများအား အရည်အသွေးမြင့်မားသည့် သင်ရိုးညွှန်းတမ်းများ ပေါ်ထွန်းလာရေးအတွက် ပံ့ပိုးရန် အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ပေးရန်။

အလားတူ စီမံရေးရာဌာနများ၏ လုပ်ဆောင်မှုအဆင့်အားလုံး၌ အရည်အသွေးပြည့်မှီစေရန် ပံ့ပိုးရန် အကြံဉာဏ်ပေးရန်။

 

ရည်ရွယ်ချက် နှင့် လုပ်ငန်းတာဝန်များ

  • အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ အန္တိမရည်မှန်းချက်ကို ရရှိရေးပါဝင်နိုင်မည့် အရည်အသွေးမြင့်မားသည့် သင်ရိုးညွှန်းတမ်း ပေါ်ထွန်းလာရေးနှင့် ဌာနများအကြား ပြဌာန်းထားသည့်အတိုင်း လုပ်ငန်းခွင်အထောက်အကူပြုပညာရေးကို လိုက်နာသုံးစွဲရေးအတွက် ပံ့ပိုးခြင်း၊ အကြံဉာဏ်ပေးခြင်း။
  • သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးမှုနှင့် အရည်အသွေးအာမခံမှု စံချိန်စံညွှန်းများ၊ လုပ်ဆောင်မှုအစီအစဉ် များကို မြန်မာနိုင်ငံအစိုးရနှင့် NAQAC ၏ လိုအပ်ချက်များနှင့်အညီ အကောင်အထည်ဖော်ရေး လိုက်နာမှု ရှိ/မရှိ ထိန်းကျောင်းရန်
  • သင်ရိုးညွန်းတမ်းများ ဖန်တီး/ဖွံ့ဖြိုးလာစေရေး အစီအစဉ်များရေးဆွဲပြီး ယင်းတို့ကို သင်ကြားရေး ဌာနများနှင့် အထောက်အကူပြု စီမံခန့်ခွဲသူများသို့ အသိပေးရန်
  • သင်ရိုးညွှန်းတမ်းများကို အချိန်ကာလအလိုက် ပြန်လည်ဆန်းစစ်ခြင်းရှိစေရန်
  • သင်ရိုးညွှန်းတမ်းအသစ်များ ပရိုဂရမ်အသစ်များ ပေါ်ထွန်းလာရေးအတွက် ဌာနများကို အကြံပြုချက်များ ပေးရန်နှင့် သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်သော အခြားမည်သည့်ကိစ္စရပ်များ တွင်မဆို ပရိုဂရမ်၏ အရည်အသွေးစံချိန်စံညွှန်းနှင့် သတ်မှတ်ချက်များကို လိုက်နာရေး အကူအညီပေးရန်
  • လိုအပ်လာသည့် ပညာရေးဆိုင်ရာ ပရိုဂရမ်များကို ပြင်ဆင်ခြင်း လက်ခံမှုသဘောတူခြင်း ပြုလုပ်ရန်
  • အဆိုပြုတင်ပြလာသည့် ပရိုဂရမ်အသစ်တစ်ခုကို ဆန်းစစ်ခြင်း၊ ကွပ်ကဲခြင်း
  • လက်ရှိ သင်ရိုးညွှန်းတမ်းများတွင် ပြောင်းလဲမှုပြုလုပ်ခြင်း၊ ပရိုဂရမ်အသစ်များ ဖွင့်လှစ်ခြင်း၊ ပြဌာန်းမှုအသစ်ပြုလုပ်ခြင်းတို့ကို သဘောတူရန် အကြံပေးခြင်း
  • နိုင်ငံနှင့်အပြည်ပြည်ဆိုင်ရာ အဆင့်မြင့်ပညာရေးနှင့်သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးမှုအလားအလာကို လိုက်နာစေရန် ဆောင်ရွက်ခြင်း
  • အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်းကော်မတီ၏ လုပ်ငန်းဆောင်တာ များကို မှတ်တမ်းမှတ်ရာများထားရှိစေရေး သေချာမှုရှိစေရန် ဆောင်ရွက်ခြင်း
  • ပရိုဂရမ်အသစ်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်များကို ဆန်းစစ်ရာတွင် Stakeholder များ ပါဝင်လာစေရန် ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

 

DSC_7107(1)

              ဒေါက်တာစန်းစန်းမြင့်

              ပါမောက္ခ(ဌာနမှူး)