Home » စီမံဌာန

စီမံဌာန

စီမံဌာန

 

စီမံဌာနသည် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ သင်ကြားရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အဓိကဆောင်ရွက်နေသည့် ဌာနကြီးတစ်ခုပင်ဖြစ်ပါသည်။

စီမံဌာန၏အဓိကလုပ်ငန်းတာဝန်များဖြစ်သော ခသုံးလုံး၊ တသုံးလုံး၊ ပနှစ်လုံး၊ စနှစ်လုံး၊မ၊ဒ တို့ကို အချိန်နှင့်တပြေးညီ တိကျမှန်မြန်စွာ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။
ခသုံးလုံးဆိုသည်မှာ ခန့်ထားရေး၊ ခွင့်ကိစ္စ၊ ချီးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များကို ဆိုလိုခြင်း ဖြစ်ပါသည်။ ခန့်ထားရေး တွင် သင်ကြားရေးအတွက်လိုအပ်သော ဆရာ၊ဆရာမအင်အားကို လည်းကောင်း၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက်လိုအပ်သော ဝန်ထမ်းအင်အားကို လည်းကောင်း ဖွဲ့စည်းပုံနှင့်အညီ အထက်အဆင့်ဆင့်သို့ခွင့်ပြုမိန့်တင်ပြတောင်းခံပြီး ခန့်ထားခွင့် ရရှိသည့်အခါ စိစစ်ခန့်ထားရေး အဖွဲ့ဖွဲ့စည်းကာ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ရွေးချယ်ခြင်း၊ ရွေးချယ်ခန့်အပ်သည့် အမိန့်စာထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ပါသည်။
ရာထူးတိုး/ပြောင်းရွှေ့ခန့်ထားခြင်းဆိုင်ရာကိစ္စရပ်များတွင် လမ်းညွှန်သတ်မှတ်ချက်များအတိုင်း သက်ဆိုင်ရာပုံစံများထုတ်ပေးခြင်း၊ အမှုထမ်းသက်မှတ်တမ်းစာအုပ်အရ လုပ်သက်ရမှတ် တွက်ချက်ခြင်း၊ ခွင့်မှတ်တမ်းစစ်ဆေးခြင်း၊ ကိုယ်ရေးမှတ်တမ်းများတိုက်ဆိုင်စစ်ဆေးခြင်းများကို အဆင့်ဆင့်စိစစ်ပြီး ဝဖရမှတ်များစုစည်း၍ လျှို့ဝှက်အဆင့်သတ်မှတ်ကာ သက်ဆိုင်ရာ အထက် အဆင့်ဆင့်သို့ ပေးပို့ပါသည်။ ဖွဲ့စည်းပုံအရ ခန့်ထားမှုအင်အားစာရင်းနှင့် နေ့စားဝန်ထမ်းခန့်ထားမှု အခြေအနေများကို လစဉ် အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့ပါသည်။
ခွင့်ခံစားခြင်းတွင် နိုင်ငံ့ဝန်ထမ်းများအားလုံး တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အကြောင်းကိစ္စရပ် အမျိုးအမျိုးအတွက် ခံစားပိုင်ခွင့်ရှိသည့် ခံစားနိုင်သည့်ခွင့်များကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေပါ ခွင့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခံစားခွင့်ရရှိအောင် စိစစ်တွက်ချက်ဆောင်ရွက် ပေးပါသည်။ အရာထမ်းများအတွက် တောင်းခံသည့်ခွင့်ကို အထက်အဆင့်ဆင့်သို့ တင်ပြပေးခြင်း၊ (၃)ကျော်လွန်ခံစားသည့် ခွင့်ကိစ္စများကို အထက်အဆင့်ဆင့်သို့ အစီရင်ခံတင်ပြတောင်းခံခြင်း တို့ကို ဆောင်ရွက်ပေးပါသည်။
ချီးမြှင့်ခြင်းတွင် နိုင်ငံဝန်ထမ်းများအား လုပ်သက်(၂)နှစ်ပြည့်လျှင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးဆုတံဆိပ်၊ လုပ်သက်(၁၅)နှစ်ပြည့်လျှင် ပြည်သူ့ဝန်ထမ်းတံဆိပ်၊ လုပ်သက် (၂၆) နှစ်ပြည့်လျှင် ဝန်ထမ်းကောင်းတံဆိပ် တို့ကို နိုင်ငံတော်သမ္မတလက်မှတ်ဖြင့် ချီးမြှင့်လျက် ရှိရာ သင်ကြား၊ စီမံ ဝန်ထမ်းများအား အဆိုပါဆုတံဆိပ်များ ချီးမြှင့်နိုင်ရေးအတွက် (၁)နှစ်လျှင် (၁)ကြိမ် စစ်တမ်းကောက်ယူလျက် သတ်မှတ်လုပ်သက်ပြည့်မီပြီး ပြစ်မှုပြစ်ဒဏ်ကင်းရှင်းသည့် ဝန်ထမ်းများအား စုစည်းတင်ပြလျှောက်ထားပေးလျက်ရှိပါသည်။

 

ဌာနစုမှူး

 

ဒေါ်ယဉ်ထိပ်ထား

ရုံးအုပ်

12-2ဒေါ်သီသီကျော်၊ ဌာနခွဲစာရေး

ဦးစိုးနိုင်၊ ဌာနခွဲစာရေး

DKMWinဒေါ်ခင်မိုးဝင်း၊ အမှုတွဲထိန်း