ရညရည်ရွယ်ချက်
ကွန်ပျူတာသိပ္ပံပညာဌာနသည် ဆန်းသစ်ပြောင်းလဲခြင်းများကို မြှင့်တင်ခြင်းဖြင့် သတင်းအချက်အလက်ဆက်သွယ်ရေး၊ နည်းပညာတိုးတက်ဖွံ့ဖြိုးရေးနှင့် အခွင့်အလမ်းများအတွက် အခြေအအနေကောင်းများကို ဖန်တီးပေးသည့်အပြင် နည်းပညာကူးပြောင်းမှုကို တွန်းအားပေးကာ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် လူမှုကွန်ယက်ကို ထောက်ပံ့ပေးပါသည်။
အမြော်အမြင်
- ကွန်ပျူတာသိပ္ပံပညာဌာနသည် လူ့အသိုက်အဝန်း၊ အစိုးရအဖွဲ့အစည်းနှင့် စက်မှုလုပ်ငန်းများတွင် ခေတ်မီသော ကြိုးပမ်းအားထုတ်မှုများအားလုံးကို စိမ့်ဝင်ပျံ့နှံ့စေသည့်အပြင် ၎င်း၏အခန်းကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ဆက်လက်ဆောင်ရွက်ပါလိမ့်မည်။
- ပညာရေးနှင့်သုတေသနလုပ်ငန်းများမှစ၍ ကွန်ပျူတာသိပ္ပံပညာဌာနသည် ၂၁ ရာစု၏ စိန်ခေါ်မှုများကို လျင်မြန်စွာ တုန့်ပြန်နိုင်သည့် သင်ကြားရေးဝန်းကျင်ကို တည်ဆောက်ပေးပါသည်။
ရည်မှန်းချက်များ
မစ်ရှင်နှင့်အမြော်အမြင်ကို ရရှိအောင်မြင်ရန်နှင့် ဖြည့်စွမ်းပေးနိုင်ရန် ကွန်ပျူတာသိပ္ပံပညာဌာနတွင် ရည်မှန်းချက် (၅)ရပ် ထားရှိပါသည်။
- ကွန်ပျူတာကို ထိထိရောက်ရောက်၊ ထိုးထွင်းတီထွင်နိုင်စွမ်းအားနှင့် ဉာဏ်ရှိစွာဖြင့် မည်ကဲ့သို့ အသုံးပြုရမည်ကို ကျောင်းသားများကို သင်ကြားရန်။
- လူ့အသိုက်အဝန်းနှင့် အစိုးရအဖွဲ့အစည်းများတွင် ပညာရပ်ဘာသာရပါတစ်ခုထက်ပိုသော ပညာရေးဆိုင်ရာအခွင့်အလမ်းများ၌ တွန်းအားပေးရန်နှင့် ပါဝင်ဆောင်ရွက်ရန်။
- မြန်စွာတိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးတွင် အနှောင်အဖွဲ့ကင်းစွာ အသိပညာဗဟုသုတအသစ်များ မည်ကဲ့သို့ ရရှိနိုင်သည်ကို သင်ကြားပေးရန်။
- လက်တွေ့နှင့်ဆိုင်သော သင်ယူမှုအခွင့်အလမ်းများနှင့် ကျောင်းသားများကို ဖော်ထုတ်ပေးရန်။
- ကွန်ပျူတာသိပ္ပံပညာရပ်ဆိုင်ရာ အသိပညာများကို တီထွင်ဖန်တီးတတ်ရန်၊ မျှဝေတတ်ရန်နှင့် အသုံးချတတ်ရန်ဖြစ်သည့်အပြင် အခက်အခဲများကိုဖြေရှင်းရာတွင်လည်း ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဖြေရှင်းတတ်သူများဖြစ်ရန် ကျောင်းသားများကို သင်ကြားပေးရန်။
ဒေါက်တာခင်မျိုးဆက်
ပါမောက္ခ(ဌာနမှူး)
ဒေါက်တာနွယ်နီဝင်း
တွဲဖက်ပါမောက္ခ
ဒေါ်ဖြူမိုးညွန့် ၊ ကထိက
ဒေါ်ခိုင်မီမီဇော်၊ သရုပ်ပြ