Home » အင်္ဂလိပ်စာဌာန

အင်္ဂလိပ်စာဌာန

ရည်မှန်းချက်

   သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် လိုအပ်သောအင်္ဂလိပ်ဘာသာစကားကို   တိကျမှန်ကန်စွာနှင့် ကျွမ်းကျင်စွာ ပြောဆိုသုံးစွဲတတ်ရန်။

 

နောက်ခံသမိုင်း

   အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် စတင်တည်ထောင်စဉ်ကာလ ၂ဝဝ၄ ခုနှစ်တွင် အင်္ဂလိပ်စာဌာန၌ ဆရာမ (၂)ဦးကိုခန့်ထားခဲ့သည်။ ထိုစဉ်က စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှုပညာ နှင့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ သင်တန်းအစီအစဉ် (၂) ခုဖြင့် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ထိုသင်တန်းများတွင် အင်္ဂလိပ်စာဌာနမှ သာမာန်အင်္ဂလိပ်စာ ဘာသာရပ်အဖြစ် စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှုပညာ သင်တန်းတွင်၎င်း၊ အထူးပြုအင်္ဂလိပ်စာ ဘာသာရပ်အဖြစ် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာသင်တန်းတွင်၎င်း သင်ကြားလျက်ရှိပါသည်။ ၂ဝဝ၆-၂ဝဝ၇ ပညာသင်နှစ်တွင် အင်္ဂလိပ်စာဘာသာရပ်ကို သတင်းအတတ်ပညာ သင်တန်း၌ စတင်သင်ကြားခဲ့ပါသည်။ Tourism Studies and Management   ဒီပလိုမာ သင်တန်းတွင်လည်း ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သော အင်္ဂလိပ်စာဘာသာရပ်ကို ၂ဝဝ၇-၂ဝဝ၈ ပညာသင်နှစ်မှစတင်ပို့ချခဲ့ပြီး ယနေ့တိုင် သင်ကြားလျက်ရှိပါသည်။ ၂ဝဝ၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ Winner   ကွန်ပျူတာကုမ္ပဏီမှဖွင့်လှစ်သော ကွန်ပျူတာ သင်တန်းတွင်လည်း ICT နှင့်သက်ဆိုင်သော အင်္ဂလိပ်စာဘာသာရပ်ကို အင်္ဂလိပ်စာဌာနမှ သင်ကြားပေးခဲ့ပါသည်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ခရီးသွားလုပ်ငန်းအတတ်ပညာ သင်တန်း၌ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သော အင်္ဂလိပ်စာဘာသာရပ်ကို စတင်သင်ကြားခဲ့ပါသည်။

ယခုအခါ အင်္ဂလိပ်စာဌာနအနေဖြင့်အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ကြီးမှူးဖွင့်လှစ်သော ဘွဲ့ကြိုသင်တန်း (၄)ခု၊ ဘွဲ့လွန်သင်တန်း(၁)ခု၊ ဘွဲ့လွန် ဒီပလိုမာ သင်တန်း(၁)ခုတို့တွင် သက်ဆိုင်ရာ အင်္ဂလိပ်စာဘာသာရပ်ကို သင်ကြားပို့ချလျက်ရှိပါသည်။

 

dr.YMPW

ဒေါက်တာယဉ်မြတ်ဖြူဝင်း

ပါမောက္ခ(ဌာနမှူး)

d ei s z thein

ဒေါ်အိရွှေဇင်သိန်း၊ ကထိက

d thandar min

ဒေါ်သန္တာမင်း၊ ကထိက

d aye aye mu

ဒေါ်အေးအေးမူ၊ ကထိက

 

၊ ကထိက

၊ကထိက

D The' The' Hein.1ဒေါ်သဲသဲဟိန်း၊ ကထိက

 

ဒေါ်အိရွှေစင်ပြုံး

လက်ထောက်ကထိက

 DPTH

ဒေါ်ဖြိုးသူထိုက်၊ နည်းပြ

 DHH

ဒေါ်ထူးထူးအောင်မိုး၊ နည်းပြ

DSMM

ဒေါ်ဆုမွန်မြင့်၊ နည်းပြ

 DTWai

ဒေါ်သီရိ​ဝေ၊ နည်းပြ