
NMDCSU ကဦးဆောင် ပြုလုပ်သည့် NMDC Academic Knowledge Sharing Webinars အစီအစဉ် Webinar 4 ဖြစ်ပါသည်။
ယခု Webinar 4 ၏ “Innovative Financing Strategies For Social Enterprises”ခေါင်းစဉ်ဖြင့်
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ စီးပွားရေးလုပ်ငန်းနှင့် စီးပွားရေး ပညာဌာန ကထိက ဒေါ်မွန်မွန်ဦးမှ ဟောပြောဆွေးနွေးပေးသွားမှာ ဖြစ်ပါသည်။
ဆရာမ ဒေါ်မွန်မွန်ဦး ကိုယ်ရေးအကျဉ်း –
၂၀၀၉ခုနှစ်တွင် နည်းပြ အဖြစ် မိတ္တီလာစီးပွားရေး တက္ကသိုလ်တွင် စတင် တာဝန်ထမ်းရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်ဒီဇင်ဘာလမှ စတင်၍ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တွင် ပြောင်းရွေ့တာဝန် ထမ်းဆောင်ခဲ့သည်။ ယနေ့ အချိန်တွင် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်၊ စီးပွားရေးလုပ်ငန်းနှင့် စီးပွားရေး ပညာဌာနတွင် ကထိက အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး BBM (Q) (National Management Degree Collage), MBA(Meiktila University of Economics) , MA (Economics) (Hiroshima University, Japan) ဘွဲ့တို့အပြင် Ph.D (Thesis) ကို ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။ နိုင်ငံခြား အတွေ့အကြုံများ အနေဖြင့် ၂၀၁၂ ခုနှစ်တွင် JDS Scholarship ကို ရရှိခဲ့ပြီး Japan နိုင်ငံ ဟီရိုရှီးမားတက္ကသိုလ်တွင် မဟာဘွဲ့အတွက် သွားရောက် ပညာဆည်းပူး ခဲ့ပါသည်။ ထို့အပြင် Short Course များအနေဖြင့် ၂၀၁၅ ခုနှစ် Thammasat University, Thailand တွင် MICE Management , ၂၀၁၆ခုနှစ် Guilin Tourism University, China တွင် Tourism Management အစသည်တို့ကိုလည်း တက်ရောက်ခဲ့ပါသည်။
ယခု webinar မှာလည်း Zoom appကို အသုံးပြုပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Q&A Session လည်းပါဝင်မှာဖြစ်ပြီး ကိုယ်သိချင်တာတွေကို ဆရာမနဲ့ တိုက်ရိုက် ဆွေးနွေးခွင့်ရမှာပါဖြစ်ပါသည်။
ပါဝင်နိုင်ဖို့ ဘယ်လိုစာရင်းသွင်းရမလဲ ?
ယခု postအောက်မှာရှိသည့် Registration formကို ဖြည့်ပြီး ပါဝင်နိုင်ပါတယ် ။ ဒါပေမဲ့ Registration ကတော့ တက်ရောက်နိုင်မယ့် ကျောင်းသားဦးရေအများဆုံး ၉၅ယောက်ပြည့်လျှင် ပိတ်မှာဖြစ်သောကြောင့် လက်မနှေးသင့်ဘူးနော်..
Webinar တက်ရောက်ခွင့်ရတဲ့သူတွေကို Emailကနေတစ်ဆင့် ၃၀ရက်နေ့မတိုင်ခင် Zoom Linkကိုပေးပို့သွားမှာဖြစ်ပါသည်။
Social Enterprises တွေအတွက် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု မဟာဗျူဟာတွေနဲ့ သက်ဆိုင်တဲ့ theorical concpets ကို လေ့လာခွင့်ရမယ့်အပြင် ကျောင်းစာသင်ခန်း အငွေ့အသက်လေးကိုပါ ရရှိအောင် ဖန်တီးထားတာမို့ အခုပဲ အောက်က link လေးကနေတစ်ဆင့် မြန်မြန်စာရင်းသွင်းလိုက်တော့နော်….
Register Here:
https://www.userroll.com/…/innovative-financing-strate…/home
*ယခု registration link သည် Innovative Financing Strategies For Social Enterprises webinar တစ်ခုတည်း အတွက်သာ ဖြစ်ပါတယ်။
#NMDC #NMDCSU #Webinar_5 #NMDC_Academic_Knowledge_Sharing_Webinars