
NMDCရဲ့ ပြောင်းလဲထားသည့် ပုံစံသစ်တစ်ရပ်ကို သိပြီးကြပြီလား? NMDCကနေ ကျောင်းသား၊ ကျောင်းသူတွေအနေနှင့် သင်ကြားလေ့လာနိုင်မှုအချိန်ပိုမိုရရှိစေနိုင်ရန်အတွက် မတူကွဲပြားသော Systemအသစ်တစ်ခုကို စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ NMDC၏ သင်ကြားသင်ယူမှုနှင့် အကဲဖြတ်အမှတ်ပေးမှုပုံစံသစ် ပြောင်းလဲထားရှိမှု အခြေအနေကို ကျောင်းအုပ်ဆရာမကြီး ဒေါက်တာတင်တင်ထွေးကနေ ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါသည်။
Learing Management System အသစ်တွင် ကျောင်းသား၊ ကျောင်းသူတွေ အလွယ်တကူသင်ယူလေ့လာနိုင်ပြီး ဆန်းသစ်သည့် အတွေးအခေါ်ဖန်တီးမှုများကိုလည်း ပိုမိုတိုးတက်ကောင်းမွန်အောင် NMDCမှ ဆရာ၊ ဆရာမများက အစွမ်းကုန်ကြိုးစားလုပ်ဆောင်ထားပါသည်။ သတ်မှတ်ထားတဲ့ အချိန်အတွင်း ဘာသာရပ်အလိုက်
ဆောင်ရွက်ချက်များကို Virtual Systemဖြင့် လုပ်ဆောင်ရမှာဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူတွေအနေနှင့် Digital Toolsများဖြင့် ရင်းနှီးကျွမ်းဝင်လာခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အသုံးပြုမှုများကို ပိုမိုထိတွေ့လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိစေနိုင်ပါသည်။ NMDCကျောင်းတော်ကြီးက လူငယ်များအတွက် စိတ်လှုပ်ရှားစရာကောင်းည့် သင်ကြားမှုနည်းစနစ်တွေအပြင် စွန့်စားမှူများများလိုချင်သည့် ကျောင်းသူ၊ကျောင်းသားတွေအတွက် မတူကွဲပြားသည့် ပညာရေးစနစ်ပုံစံအသစ်တစ်ခုနဲ့ ထိတွေ့ပေးတော့မှာဖြစ်ပါတယ်။ ထို့ကြောင့် Learning Management System အသစ်မှာ လေ့လာသင်ယူကြရမည့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ သဘောထား၊ အမြင်များကလည်း ဒီစနစ်သစ်ကို ဖော်ဆောင်တဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ အားဖြည့်စေခြင်းဖြင့် NMDCမှ ကျောင်းသား၊ ကျောင်းသူများအားလုံးကို အောက်ဖော်ပြပါ Link မှတစ်ဆင့် Survey ဝင်ဖြေပေးဖို့ တောင်းဆိုပါသည်။
https://forms.gle/EH1tSNnL7XxuzG23A
ယနေ့ခေတ် နည်းပညာတွေနဲ့အညီ ပညာရေးစနစ်သစ်တစ်ခုကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် ပါဝင်နိုင်ဖို့ ဒီSurvey formမှတစ်ဆင့် မိမိတို့ရဲ့
ပညာရေးစနစ်သစ်ကို အတူလက်တွဲကာ မြှင့်တင်ကြပါစို့..
*Surveyဖြေဆိုရာတွေ အခက်အခဲရှိပါက SU messengerမှ တစ်ဆင့်လာရောက်မေးမြန်းနိုင်ပါတယ်*
#NMDC #NMDCSU
#Learning_Management_System