Home » ကြေညာချက်များ » 

အားလုံးရဲ့ အရှေ့ကို ဒုတိယအကြိမ် ထပ်မံရောက်ရှိလာတဲ့ ELI World Youth Skills Boot Camp
ပထမအကြိမ်မှာ ကချင်ပြည်နယ်အတွက် သီးသန့်အနေနဲ့ လူငယ် ၂၀၀၀ ကိုသာ ပေးအပ်ခဲ့တာဖြစ်ပေမယ့် အားလုံးရဲ့ တောင်းဆိုချက်အရ MYEO မှ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ် ၃၀၀၀ အတွက်ကို ယခုလို ဒုတိယအကြိမ်မြောက် ထပ်မံလုပ်ဆောင်ပေးရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ထူးခြားချက်အနေနဲ့ ယခုပြုလုပ်မယ့် Round 2 ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ Farmers Development Public Bank (FDB) နဲ့ ပူးပေါင်း လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်

– ဇူလိုင်လ ၁၅ရက်နေ့မှာ ကျရောက်ခဲ့တဲ့ World Youth Skills Day ကို အခြေပြုကာ မြန်မာနိုင်ငံမှ လူငယ်တွေ ၂၁ရာစုမှာ ရှိကိုရှိထားရမယ့် စွမ်းရည်များကို Online ပေါ်မှ ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်ပါတယ်။
_____________________________________________

 ဘယ်သူတွေ တက်ရောက်နိုင်မှာလဲ

– မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ တိုင်းနှင့်ပြည်နယ် ၁၄ ခုက မည်သည့်နေရာဒေသက လူငယ်မဆို (ကန့်သတ်ချက်မရှိ) ပါဝင်တက်ရောက်နိုင်ပါတယ်။

– ဒါပေမယ့် ပါဝင်သူဦးရေ  ၃၀၀၀  သာ သတ်မှတ်ထားတာမို့ ယခုချက်ချင်း Registration လုပ်ဆောင်ဖို့တော့ လိုအပ်ပါတယ်။

 

ဘယ်သူတွေ သင်ကြားပေးမှာလဲ

– မြန်မာနိုင်ငံရှိ တက္ကသိုလ်အနှံ့အပြားမှာ နေရာယူထားတဲ့ Senior Campus Chapter Directors (Senior CCDs) များ၊

– Farmers Development Public Bank (FDB) မှ Trainer များ၊

– မြန်မာတစ်နိုင်ငံလုံးမှ အဆင့်ဆင့်ရွေးချယ်ထားတဲ့ အရည်အချင်းပြည့်ဝတဲ့ လူထုအကျိုးပြု လူငယ်ခေါင်းဆောင်များစွာက ပါဝင်ဦးဆောင် သင်ကြားပေးသွားမှာ ​ဖြစ်ပါတယ်။

 ဘာတွေ သင်ပေးမှာလဲ

– ၂၁ရာစု အတွက် အရေးကြီးဆုံး ကဏ္ဍက ပါဝင်နေတဲ့ Digital Literacy Skills တွေ၊

– လူငယ်တစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ soft skills များနှင့် လုပ်ငန်းခွင်မှာ စမတ်ကျလာစေမယ့် Professional Skills တွေ၊

– ကိုယ်ပိုင်ဝင်ငွေ၊ ကိုယ်ပိုင်အသုံးစရိတ်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတဲ့ သင်ခန်းစာတွေ၊

– အချင်းချင်း ရင်းနှီးခွင့်ရနိုင်မယ့် Ice-breaking Activities တွေ၊

– သင်ယူထားတာတွေကို ပြန်လည်ဆန်းစစ်နိုင်မယ့် mini quizzes တွေ၊

– ဖိတ်ကြားထားတဲ့ Guest Speakers တွေရဲ့ Live Chat တွေ၊

– Online Workshop Sessions တွေ၊

အစရှိသည်ဖြင့် ပါဝင်သွားမှာပါ။ ဒါ့အပြင် သင်တန်းပြီးဆုံးအောင် ပါဝင်လေ့လာသူများအား MYEO မှ E-certificate ပေးအပ်သွားမှာ ဖြစ်ပါတယ်။
 သင်တန်းကြေးက ဘယ်လောက်လဲ

– ယခု လူငယ် ၃၀၀၀ ကို သင်ကြားပေးမယ့် Boot Camp ဟာ ဝင်ရောက်သင်ယူခွင့် (လုံးဝ) အခမဲ့ ဖြစ်ပါတယ်။

အချိန်ဘယ်လောက် ပေးရမှာလဲ

– Boot Camp ကာလဟာ စုစုပေါင်း ၃ရက်တာသာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ( Date – 7th Aug , 8th Aug, 9th Aug)

– ၃ရက်တာအတွင်းမှာလည်း အချိန်ပြည့် online တက်စရာမလိုပဲ workshop session များမှ လွဲ၍ တစ်နေ့လျှင် ပျမ်းမျှ (၃) နာရီခန့် အလျဥ်းသင့်သလို အချိန်ပေးတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
 ဘယ်သူတွေတက်ရောက်သင့်လဲ

– ၂၁ရာစုမှာ ရှိရမယ့် စွမ်းရည်တွေ တတ်မြောက်ထားချင်တဲ့ လူငယ်တိုင်း (မည်သည့်နယ်ပယ်ကမဆို) မဖြစ်မနေ တက်ရောက်သင့်ပါတယ်။
 သင်တန်းမှာ ပါဝင်ခွင့်ရဖို့ ဘယ်လို Registration လုပ်ရမလဲ

– အောက်မှာ ဖော်ပြထားတဲ့ Registration link မှ register လုပ်ပါ။

– သင်တန်းတက်ရောက်ရမည့် Closed group အား join ပါ။

(Closed group အား join ရာတွင် မိမိနာမည်နှင့် ဖုန်းနံပါတ် အား မှန်ကန်စွာ ဖြည့်သွင်းမှသာ group ထဲသို့ သင်တန်းစတင်မည့်နေ့ရက်မတိုင်ခင် ရောက်ရှိမည် ဖြစ်ပါသည်)
Registration Link   https://m.me/myeo.hub?ref=MYEOxFDB
ဝင်ရောက် စာရင်းသွင်းသူ လူငယ် ၃၀၀၀ ပြည့်သည်နှင့် Registration Form ကို ပိတ်မည် ဖြစ်ပါသည်။



Back